မိုဘိုင်း အပလီကေးရှင်း ဒေါင်းလုတ် (အန်းဒရွိုက်)

*Caution

  • လုပ်ဆောင်ခြင်းမပြုမီ ဤညွှန်ကြားချက်ကို သေချာစွာဖတ်ရှုပါ။
  • ဤ အပလီကေးရှင်းကို အန်းဒရွိုက်ဖုန်းတွင်သာ အသုံးပြုနိုင်ပါသည်။
  • ဤ အပလီကေးရှင်းမှ ဗီဒီယို(များ)ကို ဒေါင်းလုတ်ဆွဲပါက၊ ချိတ်ဆက်မှုသည် wiki ချိတ်ဆက်မှု မဟုတ်ပါက၊ ဒေတာကုန်ကျမှု ရှိမည်ဖြစ်ပါသည်။ အင်တာနက်ချိတ်ဆက်မှု (wiki ထောက်ခံချက်) လိုအပ်ပါသည်။

ဒေါင်းလုတ်

ဤ မိုဘိုင်း အပလီကေးရှင်းမှ ဗီဒီယို(များ)ကို ဒေါင်းလုတ်ဆွဲနိုင်ပါသည်။ ဒေါင်းလုတ်ဆွဲရန် ခလုတ်နှိပ်ပါ။

 

အန်းဒရွိုက် အပလီကေးရှင်းကို ဒေါင်းလုတ်ဆွဲပါ

 

Install

အပလီကေးရှင်းကို ဒေါင်းလုတ်ဆွဲပြီး ဖွင့်ပါ။ လုံခြုံရေးစနစ်ကြောင့် အပလီကေးရှင်းကို မတပ်ဆင်နိုင်ပါက၊ ဖွဲ့စည်းပုံ(စက်တင်)ကို ပြောင်းလဲပါ။ ပေါ်လာသော ‘Note’ ရှိ [Settings] ကို နှိပ်ပါ။

[Verify apps] ဘောင်ကွက်ကိုဖျက်သိမ်းပြီးနောက် [Unknown sources] ကို နှိပ်ပါ။

[Enable] ကို နှိပ်ပါ။

[OK] ကို နှိပ်ပါ။ အပလီကေးရှင်းကို ဒေါင်းလုတ်ဆွဲခြင်းအတွက် အခြေခံလုပ်ဆောင်မှု ပြီးစီးပါပြီ။

ဒေါင်းလုတ်ဆွဲထားသော အပလီကေးရှင်းဖိုင်ကို ထပ်ဖွင့်ပါက၊ အပလီကေးရှင်းတပ်ဆင်သော မျက်နှာပြင် ပေါ်လာပါလိမ့်မည်။ [Next] ကို နှိပ်ပါ။

အပလီကေးရှင်းကို တပ်ဆင်ရန် [Install] ကို နှိပ်ပါ။

‘New update available’ ဟူ၍ ပေါ်လာသောအခါ [UPDATE] ကို နှိပ်ပါ။ အပလီကေးရှင်းကို အဆင့်မြှင့်တင်ထားခြင်းမရှိပါက၊ ဗီဒီယိုဒေါင်းလုတ်ဆွဲခြင်းကို ကောင်းစွာလုပ်ဆောင်နိုင်မည် မဟုတ်ပါ။

အသုံးပြုနည်း

ထိပ်ရှိ ရှာဖွေသည့်ဘောင်ကွက်ထဲတွင် [uccspace] ကို ရိုက်နှိပ်ပါ။

သင် ဒေါင်းလုတ်ဆွဲလိုသော uccspace လိုင်းကို ရွေးချယ်ပါ။

သင် ဒေါင်းလုတ်ဆွဲလိုသော ဗီဒီယိုကို ရွေးချယ်ပါ။

ပေါ်လာသော ‘Important’ ပေါ်တွင် [OK] နှိပ်ပါ။

သင် ဒေါင်းလုတ်ဆွဲလိုသောဗီဒီယို၏ ကြည်လင်ပြတ်သားမှုအဆင့်ကို ရွေးချယ်ပါ။

[START DOWNLOAD] ကို နှိပ်ပါ။

ထပ်လောင်း သတင်းအချက်အလက်

အဆင့်မြှင့်တင်ခြင်း

ဗီဒီယိုဒေါင်းလုတ်ဆွဲရာတွင် အခက်အခဲရှိပါက၊ အပလီကေးရှင်းကို အဆင့်မြှင့်တင်ရန် လိုအပ်ပါသည်။

အပေါ် ဘယ်ဘက်ထောင့်ရှိ မီနျူးသင်္ကေတကို နှိပ်ပါ။

[New update available] ကို ရွေးပါ။

‘New update available’ ပေါ်လာလျှင် [UPDATE] ကို နှိပ်ပါ။

အဆင့်မြှင့်တင်ခြင်း အောင်မြင်လျှင်၊ အောက်ခြေတွင် ‘Downloading latest stable update’ ပေါ်လာပါလိမ့်မည်။

လုံခြုံရေးစနစ်ကြောင့် တပ်ဆင်၍မရပါက၊ ပေါ်လာသော ‘Note’ ရှိ [Settings] ကို နှိပ်ပါ။

[Verify apps] ဘောင်ကွက်ကိုဖျက်သိမ်းပြီးနောက် [Unknown sources] ကို နှိပ်ပါ။

အပလီကေးရှင်းကို ထပ်ဖွင့်ပြီး ပေါ်လာသော‘Install Update’ရှိ [INSTALL NOW] ကို နှိပ်ပါ။

Check Downloaded Videos

အပေါ် ညာဘက်ထောင့်ရှိ မြားကို ဖိခြင်းအားဖြင့် ဒေါင်းလုတ်ဆွဲထားသောဗီဒီယိုကို စစ်ဆေးနိုင်ပါသည်။

အပလီကေးရှင်းမှတစ်ဆင့် ဒေါင်းလုတ်ဆွဲထားသော ဗီဒီယိုကို တိုက်ရိုက်ဖွင့်ရန် [Open File] ကို ရွေးပါ။